“ ကော့မှူးမြို့နယ်ပျံကျဈေးဆိုင်များရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချနေမှု အခြေအနေပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်၊ စည်ပင်သာယာမြို့မဈေး ပတ်ဝန်းကျင်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ဒီဇင်ဘာလ(၂)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာနဆိုင်ရာ များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ဒေါ်အေမီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဦးသောင်းရွှေနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အိနန္ဒာကျော်နှင့် ကျန်းမာရေးမှူး အဆင့်(၁) ဦးစိုးဝင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမိုးဆမ်းပန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနခွဲစာရေး ဒေါ်သဲစုရီနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  ပဲပြား၊ ပဲသွေး၊ မျှစ်အဝါ၊ မျှစ်အနီ၊ စိမ်းစားငံပိ (မျှင်ငံပိ)တို့တွင် Auramine-O ခွင့်မပြုဆိုးဆေးပါဝင်ခြင်းမရှိသော အမျိုးအစားများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်း ရှင်းစေရေး အသိပညာပေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)