ရွှေဘိုမြို့၏ ထောပတ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

        ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိ နံနက် (၆:၀၀)နာရီမှ နေ့လယ် (၂:၀၀)နာရီ အထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး ၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။

         ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ မိုးကုတ်မြို့မှ လာသောထောပတ်သီး များဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှ တစ်ဆင့်မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊တစ်အိတ်လျှင် (၃)သောင်းကျပ်ဖြင့် ဝယ်ယူ ရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍  လက်လီ တစ်လုံးလျှင် အကြီး ၈၀၀ ကျပ်၊ အလတ် ၅၀၀ကျပ်၊ အသေး  ၄၀၀ကျပ်  ရောင်းချရကြောင်း ၊ တစ်နေ့လျှင် ထောပတ်သီး  တစ်အိတ်ခန့် ရောင်းရပြီး အရောင်းအဝယ်‌ အေးနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)