ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးအဖွဲ့ ဒေါ်ရွှေဇင်ဝင်းနှင့် ဆေးဝါးလုပ်ငန်းရှင်များအသင်းမှ ဦးအောင်မြင့်ဟန် တို့ပူးပေါင်းပါဝင်လျက် (၃.၁၂.၂၀၂၅)ရက်နေ့တွင် အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါ စစ်ဆေးရေးအဖွဲ့များအနေဖြင့် ဆေးဆိုင်ပိုင်ရှင်များအား မိမိရောင်းချလျက်ရှိသော ဆေးဝါးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုမိစေရန်၊ ယခင်ဈေးနှုန်းနှင့် ယခုဈေးနှုန်းအတက်/ အကျရှိ/ မရှိ၊ ဆေးဝါးပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးများတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ မြန်မာဘာသာဖြင့် ဖော်ပြထားသော ဆေးဝါးများကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)