ပြည်နယ်အတွင်း စားသုံးရန်အတွက် ခရမ်းချဉ်သီးကို ဒေသတွင်း၌ မိုင်းလုံးရပ်ကွက် ၊ မှုံပြာ ကျေးရွာ၊ လင်ဖုံလေးကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်အတွင်း စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသ ဘက်မှတင်သွင်းရောင်းချလျှက်ရှိပြီး၊ခရမ်းချဉ်သီးများဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာသဖြင့် ယခုနိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာတစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး၊ယခင် နိုဝင်ဘာလ ဒုတိယပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀၀)ကျပ်ဖြစ်ပြီး နိုဝင်ဘာလ တတိပတ်ဈေးနှုန်းနှင့် ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်လျှင်တစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့် အနည်းငယ် ကျဆင်းလာကြောင်း၊ နောင်ယားဈေးရှိ ခရမ်းချဉ်းသီး ရောင်းချသူတစ်ဦး ထံမှသိရ ပါသည်။
DOCA(ကယား)