စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကိုဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျှက်ရှိကြပြီး ပြည်နယ်အတွင်းစားသုံးရန်လုံလောက်မှုမရှိသောကြောင့်ကြက်သွန်ဖြူကို အောင်ပန်း၊ကလောတို့မှ သယ်ယူကာရောင်းချလျှက်ရှိကြောင်း၊ လက်ရှိဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုနိုဝင်ဘာလတွင် ကြက်သွန်ဖြူ (ရှမ်းစ)တစ်ပိဿာလျှင်(၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျှင် (၅၄၀၀)ကျပ်၊ ယခင်အောက်တိုဘာလအတွင်းကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင်(၄၀၀၀)ကျပ် ၊ ကြက်သွန်ဖြူ (ကြူကုတ်စ) တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်အောက် တိုဘာလနှင့်ယခုနိုဝင်ဘာလအတွင်း ဈေးနှုန်းများကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်သွန်ဖြူ( ရှမ်းစ) တစ်ပိဿာလျှင်(၂၀၀)ခန့်မြှင့်တက်လာပြီး၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ် ပိဿာလျှင် (၄၀၀) ကျပ်ခန့်အထိမြှင့်တက်လာကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)