စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်ငရုတ်သီးကိုလွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့်ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီးထွက်ရှိသော ငရုတ်သီးစိမ်း ကိုဒေသတွင်ဈေးကွက်တွင်ဖြန့်ဖြူးရောင်းချကြကြောင်း၊ ဒေသခံလူမျိုးများမှာလည်းဒေသရိုးရာ အစားအသောက်များ ဟင်းလျာများတွင် မရှိမဖြစ်နှစ်ချိုက်စွာအသုံးပြုကြသည်။ ယခုလက်ရှိ နိုဝင်ဘာလအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၄၈၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိပြီး ယခင်အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၄၅၀၀)ကျပ်သာရှိခဲ့ပြီး ယခင်လနှင့် ယခုလအတွင်းငရုတ်သီးစိမ်းတစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့် အနည်းငယ်မြှင့်တက်လာကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)