တောင်ငူခရိုင်အတွင်း စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

               ပြည်ပမှ စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများထံမှ လက်ကားဝယ်ယူခွင့်ရသည့် တောင်ငူခရိုင်မှစားသုံးဆီကုန်သည်များသည် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ပေးသည့်ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်းလက်ကားဈေးအပေါ် ၂ ရာခိုင်နှုန်းထက်မပိုသောဈေးနှုန်းဖြင့် အခြေခံလူတန်းစားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ ရောင်းချပေးလျက်ရှိပါသည်။

               နိုဝင်ဘာလ ၁၄ ရက်နေ့တွင် Six Winner Brother ကုမ္ပဏီမှ လက်ကားဝယ်ယူခွင့်ရသည့် တောင်ငူမြို့မှ ဦးဖိုးလုံးစားသုံးဆီအရောင်းဆိုင်သည် တောင်ငူမြို့ အမှတ် ၈ ရပ်ကွက်၊ အုတ်ကျွတ်တန်းရှိ အခြေခံလူတန်းစားများသို့ စားအုန်းဆီတစ်ပိဿာလျှင် ၄၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ MEICO ကုမ္ပဏီမှ လက်ကားဝယ်ယူခွင့်ရသည့် ရေတာရှည်မြို့နယ် ဆွာမြို့မှ ကောင်းထက်စံစားသုံးဆီအရောင်းဆိုင်သည် ဆွာမြို့နေ အခြေခံလူတန်းစားများအား စားအုန်းဆီတစ်ပိဿာလျှင် ၄၃၀၀ နှုန်းဖြင့်လည်းကောင်း ရောင်းချပေးခဲ့ပါသည်။

            တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသို့ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလ ဒုတိယပတ်အထိ စားအုန်းဆီ ၂၃၃.၅၈ တန် ရောင်းချပြီးစီးပြီးဖြစ်ကြောင်း သိရှိိရပါသည်။

DOCA(ပဲခူး)