ညောင်လေးပင်ခရိုင်မှ တောင်ငူခရိုင်သို့ သွားရောက်၍ စားအုန်းဆီ လက်လီ လက်ကားရောင်းချမှု နှင့် စားသုံးသူ လက်ဝယ်ရောက်ရှိမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်မှု၊ စားသုံးသူရေးရာဦးစီး ဌာန၏ ကြီးကြပ်ထိန်းကျောင်းမှုတို့ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအချင်းချင်း စားအုန်း ဆီ လက်လီလက်ကားရောင်းချနေမှုများ၊ စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်း ရှိ/ မရှိ ကိစ္စရပ်များကို (၂၃.၁၁.၂၀၂၅) နှင့် (၂၄.၁၁.၂၀၂၅) ရက်နေ့များတွင် ညောင်လေးပင်ခရိုင်ဦးစီး မှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့တို့သည် တောင်ငူခရိုင်သို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

               ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့သည် တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးနှင့် အဖွဲ့တို့နှင့်အတူ တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ ခွဲတမ်းရရှိသော လက်ကား၊ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းရာတွင် လက်လီ၊ လက်ကား အရောင်းဆိုင်များအား မှန် (၆)မှန်ဖြင့် ရောင်းချရန်၊ သတ်မှတ်ထားသော သတ်မှတ်ရည်ညွှန်းဈေး အတိုင်းသာ ရောင်းချရန်၊ အလေးချိန်၊ အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရန်နှင့် စားသုံးသူ လက်ဝယ်သို့ စားအုန်းဆီများ ရောက်ရှိခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ စစ်ဆေးရာ တွင် တောင်ငူခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များအားလုံး သတ်မှတ် စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)