မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

Powered by Drupal

         မကွေးကုန်စည်ဒိုင်၌ (၁၁.၁၁.၂၀၂၂)ရက်နေ့ စျေးနှုန်းများမှာ ပဲတီစိမ်း(၂၀)ပိဿာလျှင် ကျပ်(၄၉၀၀၀-၅၀၀၀၀)၊ ပဲနောက် (၂၀)ပိဿာလျှင် ကျပ်(၅၆၅၀၀-၅၇၀၀၀)၊ ပဲလွန်းဝါ (သေး) (၁၉)ပိဿာလျှင် ကျပ် (၄၈၀၀၀)၊ ကုလားပဲ (929)(၁၉)ပိဿာလျှင် ကျပ်(၆၀၅၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာလျှင် ကျပ် (၆၀၀၀၀)၊ ကုလားပဲ(သေး) (၁၉)ပိဿာလျှင် ကျပ်(၅၈၅၀၀) တို့ဖြင့် စျေးနှုန်းအသီးသီးရှိကြပါသည်။ ပဲကြီးမဲ၊ ပဲထောပတ်၊ ပဲစဉ်းငုံနီ၊ မတ်ပဲ၊ စားတော်ပဲ တို့သည် စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

         နိုဝင်ဘာလ(ဒုတိယ)ပတ်အတွင်း အရောင်းအဝယ်ဖြစ်သောတန်ချိန်များမှာ ပဲတီစိမ်း တန်ချိန် (၅၀၀)ခန့်၊ ကုလားပဲ (သေး)၊ ကုလားပဲ (HL)၊ ကုလားပဲ (929)တို့သည် တန်ချိန် (၁၀၀)ခန့် တို့ဖြင့် အရောင်းအဝယ် ရှိခဲ့ကြောင်းမကွေးကုန်စည်ဒိုင်မှသိရှိရသည်။

DOCA(မကွေး)