သထုံမြို့နယ်အတွင်း ဆေးဝါးများဈေးနှုန်းမှန်ကန်ရေးနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဆေးဝါးများကို ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိအား တာဝန်ရှိသူများပူးပေါင်းကာ ၅.၁၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ဆေးအရောင်းဆိုင်များ၌ လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးမင်းတင်နွယ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူ များပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။

DOCA (မွန်)