မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

        ၈.၁၂.၂၀၂၅ ရက်နေ့၊ ၀၄:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင် မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ မော်လမြိုင်မြို့နယ်အတွင်းရှိ မြေနီကုန်းရပ်ကွက်၊ အောက်ကျင်းရပ်ကွက်၊‌ ဈေးကြိုရပ်ကွက်၊ကြာအင်းရပ်ကွက်နှင့် ရိုးဂိုးရပ်ကွက်အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များဖြစ်သည့် ဖိုးလပြည့်၊ PUMA၊ Denko(၂)၊ မင်းသန့် (၁)၊ မင်းသန့် (၂)နှင့် Max စက်သုံးဆီအရောင်းဆိုင် (၆) ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိနှင့် ဆီသယ်ယာဉ်များ ရောက်ရှိမှု ရှိ/မရှိ အခြေအနေအား မြို့နယ်ဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)