တောင်ငူခရိုင်၊ ဖြူးမြို့မှ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော အုန်းသီးခေါက်မုန့်များအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဂျုံ၊ သကြား၊ ဆီ၊ ရေနှင့် အုန်းသီးတို့ပဲဖြစ်ပါသည်။ အုန်းသီးခေါက်မုန့် ပြုလုပ်ပုံအဆင့်ဆင့်မှာ ဂျုံ၊ သကြား၊ ဆီနှင့် ရေတို့အား ရော၍နယ်ရပါသည်။ ထို့နောက် ဂျုံနှင့်ဆီကို သပ်သပ်ထပ်နယ်ရပါသည်။ အုန်းသီးကိုခွာ၍ အုန်းခြစ်နှင့်ခြစ်ကာ သကြားနှင့်သမအောင် ရောမွှေပေးရပါသည်။ ဂျုံ၊ သကြားနှင့် ရေနယ်ထားသောမုန့်အနှစ်အား ပြင်ပအခွံ ပြုလုပ်ရပါသည်။ ထိုအခွံထဲသို့ ဂျုံနှင့်ဆီနယ်ထားသော မုန့်အနှစ်ကိုထည့်၍ လိပ်ရပါသည်။ ပြီးလျှင် လိပ်ထားသောမုန့်အား ပိုက်လုံးလေးနှင့်ပြားကာ အုန်းသီးနှင့်သကြားနယ်ထားသော အုန်းသီးဌာပနာအား ထည့်၍ လက်နှင့်ခေါက်ရပါမည်။ ထိုမုန့်များ၏အပေါ်တွင် ကြက်ဥကိုမွှေပြီး သုတ်ကာ ဖုတ်ပြီးလျှင် အုန်းသီးခေါက်မုန့်အား ရရှိပြီဖြစ်ပါသည်။
ထိုမုန့်များအား တံဆိပ်ထည့်ကာ ပလတ်စတစ်အိတ်ဖြင့် (၅) ခုပါ တစ်အိတ်ထုပ်ပြီးလျင် ဈေးကွက်အတွင်းသို့ ရောင်းချပါသည်။ အုန်းသီးခေါက်မုန့် ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် (၅) ခုပါ အုန်းသီးခေါက်မုန့် တစ်ထုပ်လျှင် (၁၄၀၀) ကျပ် ဈေးဖြင့် ဖောက်သည်ပေးကာ ဈေးဆိုင်များအနေဖြင့် တစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ထုပ်လုပ်မှုအနေဖြင့် တစ်နေ့လျှင် အုန်းသီးခေါက်မုန့် (၅) ခုပါ အထုပ်(၁၀၀) ခန့် ထုပ်လုပ်နိုင်ကြောင်းနှင့် ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာ၊ ကညွတ်ကွင်းနှင့် ကျောက်တံခါးမြို့များထိ ဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)