မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် စပါး၊ငရုတ်၊ကြက်သွန် စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် တောင်သူဦးကြီးများက အပိုဝင်ငွေများရရှိအောင် စိုက်ပျိုးကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သောမတ္တရာပဲများကိုလည်း ခရိုင်အတွင်းရှိ နေရာဒေသအလိုက် စိုက်ပျိုးကြပါသည်။ မတ္တရာပဲ တစ်ဧကကုန်ကျစရိတ်မှာ တိုင်ထောင်ဝါးဖိုးအပါအဝင် (၅၀၀၀၀ဝိ/-)ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် တစ်ဧကလျှင် (၂) ပြီကုန်ကျပြီး၊တစ်ပြီလျှင်(၆၀၀ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်း၊ ပဲပေါ်ချိန်တွင်(ရ)ရက် တစ်ပတ်လျှင် တစ်ကြိမ်ခူးစွတ်ရကြောင်း၊ တစ်ခါခူးစွတ်လျှင်အခွံခွာပြီးပဲ(၅၀-၆၀)ပြည်အထိရရှိကြောင်း၊ ပဲအခွံခွာ ပါတစ်ပြည်လျှင်(၂၀ဝိ/-)ကျပ်ပေးရကြောင်း၊ ယခုနှစ်အခွံခွာပြီး ပဲအစိုတစ်ပြည်လျှင်(၂၅၀ဝိ/-) ကျပ်ဈေးရှိပြီး၊ ယခင်နှစ်ပဲတစ်ပြည်လျှင်(၁၀၀ဝိ/၁၅၀ဝိ/-)ကျပ်ဈေးသာရှိကြောင်း၊ ယခုနှစ် ဈေးကောင်းရရှိသောကြောင့်တောင်သူများဝင်ငွေတိုးသောနှစ်ဖြစ်ပါသည်။ မတ္တရာပဲ(၇)ရက်တစ် ပတ်တစ်ကြိမ်ခူးခွတ်ပြီး(၃)လသက်တမ်း အထိခူးဆွတ်နိုင်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိပါသည်။ (၃)လသက်တမ်းတွင် (၁၂)ပတ်ရှိ ပြီးတစ်ပတ်လျှင် ပြည်(၆၀)ရရှိသောကြောင့် ပဲအထွက်စုစုပေါင်း(၇၂၀)ပြည်ရရှိသောကြောင့် တစ်ပြည်လျှင်(၂၅၀ဝိ/-)ရရှိသောကြောင့် စိုက်စရိတ် (၅၀၀၀၀ဝိ/-)နှုတ်ပြီးပါကအကျိုးအမြတ်အနေဖြင့် (၁၃၀၀၀၀ဝိ/-)ကျပ် ရရှိသောကြောင့်၊ မတ္တရာပဲ များကိုကျောက်ဆည်မြို့နှင့် အနီးကျေးရွာများမှ လာရောက်ဖောက်သည်ယူ၍ ရောင်းချ လျှက်ရှိကြောင်းမတ္တရာပဲစိုက်ပျိုးသောကျောက်ဆည်မြို့နယ်၊ အုန်းခရိုင်ကျေးရွာနေတောင်သူတစ်ဦး ၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)