“ဈေးကောင်းရနေသောချဉ်ပေါင်ဖူး”

Powered by Drupal

       မိုးအကုန်ဆောင်းအကူးတွင်ပေါ်သော ရာသီပေါ်သီးနှံမျိုးစုံများရှိရာ ယခုလတ်တလောတွင် ချဉ်ပေါင်များကိုမြေလွတ်၊မြေရိုင်များနှင့်လယ်ကန်သင်းဘေးများတွင်စိုက်ပျိုးကြပါသည်။ တောင်သူအများစုကမိသားစုအပိုဝင်ငွေရရှိအောင် ဗမာချဉ်ပေါင်နှင့် အဖူးပါစားသုံးလို့ရသော ဒေသအခေါ်ဘိလပ် ချဉ်ပေါင်များကိုအများဆုံးစိုက်ပျိုးကြသည်။ အဖူးအခွံစိမ်းနှင့်အခွံနီ ချဉ်ပေါင်ဖူး ဟူ၍အမျိုးအစားနှစ်မျိုးရှိရာ အစိမ်းရောင်အဖူးကို လူကြိုက်များပြီး အရောင်းသွက်ကြောင်း ၊ဈေးနှုန်းမှာ ချဉ်ပေါင်ဖူး(၁)ပြည်လျှင်(၁၀၀၀)ကျပ်ခန့် အထိရောင်းချနေရပြီး၊ ယခင်နှစ် ချဉ်ပေါင်ဖူးဈေးနှုန်းမှာ(၁)ပြည်လျှင်(၅၀၀)ကျပ်သာရောင်းချခဲ့ရပါကြောင်း၊ ချဉ်ပေါင်ဖူးများကို ခူးဆွတ်ပြီးအစေ့နှင့် အဖူးအခွံအဖြစ်ပြန်လည်ခွဲထုတ်ပေးရပါသည်။(၁)ပြည်လျှင်ခွာခ(၁၀၀)ကျပ်ပေး ရပါသည်။ ချဉ်ပေါင်အပင်ပေါ်မူတည်၍ ချဉ်ပေါင်အထွက်နှုန်းကွာခြားကြောင်း၊ချဉ်ပေါင်ဖူးများကို နီးစပ်ရာမြို့များနှင့်ပတ်ဝန်ကျင်ရွာများမှလာရောက်ဖောက်သည် ယူ၍ တဆင့်ပြန်လည်ရောင်းချကြ ပါသည်။ချဉ်ပေါင်ဖူးကို အချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊မြေပဲဆံ၊ငရုပ်သီးလေးများဖြင့်ရော၍ ထောင်းစားလျှင် ခံတွင်းကိုမြိန်စေပြီး မိုးတွင်းအတွက်ချဉ်ပေါင်ဖူးများကို အခြောက်လှန်း၍ သိမ်း ဆည်းထားတက်ကြပါသည်။ ချဉ်ပေါင်ဖူးအခြောက်ကို ထန်းလျက်ဖြင့်ရော၍ကြိုပြီးချဉ်ပေါင်ယို အဖြစ်လည်းထိုးကြသည်။ ချဉ်ပေါင်ယိုများကို အညာဒေသများတွင် သရေစာအဖြစ်လည်းစားသုံး ကြပါသည်။ မြေလွတ်၊မြေရိုင်းများတွင် စိုက်ပျိုးသောချဉ်ပေါင်ပင်များမှ အဖူး၊အရွက်များခူးယူကာ ရောင်းချရသောကြောင့် တောင်သူများအတွက်အပိုဝင်ငွေတိုးစေပါသည်။

DOCA(မန္တလေး)