ကယားပြည်နယ်တွင် အခြားဆီထွက်သီးနှံများအပြင် နေကြာသီးနှံကိုလည်းအဓိကစိုက် ပျိုးလျက်ရှိပြီး နေကြာသီးနှံကို လွိုင်ကော်ခရိုင်နှင့်ဘောလခဲ့ခရိုင်နှစ်ခုလုံး တွင်စိုက်ပျိုးလျှက်ရှိ ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဈေးကွက်၌ ဖြစ်ပေါ်နေသော နေကြာဆီဈေးနှုန်း မှာ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်အောက်တိုဘာ လအတွင်း နေကြာဆီဈေးနှုန်းမှာတစ်ပိသာလျှင်( ၁၃၅၀၀ )ကျပ်သာရှိခဲ့ပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်လျှင် နေကြာဆီဈေးနှုန်းမှာတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် အနည်းငယ်မြင့်တက်လာကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(ကယား)