ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားအလိုက်ဈေးနှုန်းအခြေအနေ

Powered by Drupal

          ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလတွင် ပဲအရောင်းအဝယ်များဖြစ်လျက်ရှိကာ မတ်ပဲဈေးမှာ အတက်အကျရှိပြီး ကျန်ပဲဈေးများမှာ အေးလျက်ရှိကြောင်း သိရပါသည်။

         ပြည်ကုန်စည်ဒိုင်တွင် ပဲတီစိမ်းသစ်များအဝင်လှိုင်နေပြီး တစ်ရက်ကို အိတ် ၆၀၀/၇၀၀ ခန့် အဝင်ရှိပါသည်။ နိုဝင်ဘာ ပထမပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၅၀၀၀-၄၅၅၀၀-၄၇၅၀၀ ကျပ်ဖြင့် ဝင်သလောက်အရောင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၆၀၀/၇၀၀ ခန့် ရန်ကုန်နှင့်မန္တလေး ဝယ်လက် အဝယ်ရှိပါသည်။ နိုဝင်ဘာ ဒုတိယပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၄၆၀၀၀-၄၆၅၀၀-၄၈၀၀၀-၄၉၀၀၀ ကျပ်ထိ ဈေးမြင့်လာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်တစ်ရက်ကို အိတ် ၆၀၀/၇၀၀ ခန့် တင်ပို့ပါသည်။

        ပြည်ကုန်စည်ဒိုင်၏ ကုလားပဲသီးနှံဈေးမှာ နိုဝင်ဘာ ပထမပတ်တွင်  ကုလားပဲ(HL) တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ ကျပ်ဖြင့် ခွဲစက်သမားများ မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၃၀၀/၄၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို ၆၄၀၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၅၀၀-၆၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်တစ်ရက်ကို အိတ် ၂၅၀/၃၀၀ ခန့် အဝယ်ရှိပါသည်။

       ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာ ပထမပတ်တွင် ပဲစင်းငုံတစ်တင်းကို ၆၁၀၀၀ ကျပ်ဖြင့် တစ်ရက်ကို အိတ် ၁၀၀ ခန့် ရန်ကုန်အဝယ်ရှိပါသည်။ နိုဝင်ဘာ ဒုတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၅၉၀၀၀-၆၁၀၀၀ ကျပ်ဖြင့် ဈေးအေးနေပြီး ရန်ကုန်အဝယ်ရှိပါသည်။

     ပြည်ကုန်စည်ဒိုင်၏ နိုဝင်ဘာလ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၀၀၀၀-၄၂၀၀၀ ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၅၀ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာ ဒုတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၂၀၀၀-၄၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ရန်ကုန်သို့လည်း တစ်ရက်ကို အိတ် ၅၀/၁၀၀ ခန့်တင်ပို့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသောမတ်ပဲမှာ အရောင်းအဝယ် ပုံမှန်သာရှိပြီး ပဲတီစိမ်းသီးနှံနှင့် ကုလားပဲ၊ ပဲကြီး သီးနှံများသည် မြို့တွင်းအရောင်းအဝယ်ရှိသောပဲများမှာ အဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)