ပြည်မြို့၏ အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

          ပြည်ခရိုင်တွင် ယခုနိုဝင်ဘာလအတွင်း ပြည်မြို့၏ အခြေခံစားကုန်သီးနှံများမှာ စားဖိုဆောင်သုံးသီးနှံများဖြစ်သော ကြက်သွန်နီတစ်ပိဿာလျှင် ၄၂၀၀-၄၄၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ ချင်းတစ်ပိဿာလျှင် ၁၂၀၀-၁၅၀၀ ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျင် ၅၀၀၀ ကျပ်၊ မြွေစွယ်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၄၀၀-၂၈၀၀ ကျပ်၊ မန်ကျည်းမှည့်တစ်ပိဿာလျှင် ၃၅၀၀-၄၀၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ သားငါးဈေးမှာ ကြက်သားတစ်ပိဿာလျှင် ၁၂၀၀၀-၁၄၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၃၀၀၀-၁၅၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၂၀၀၀-၂၅၀၀၀ ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

         စားသုံးဆီများဖြစ်သော မြေပဲဆီတစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ပြည်မြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)