နိုဝင်ဘာလ ပထမပတ်မှစ၍ တစ်နှစ်မှတစ်ခါသာပေါ်သည့် ရာသီစာဖြစ်သည့် ထန်းမြစ်ဟူ၍လည်းကောင်း၊ အချို့အရပ်ဒေသများအခေါ် ထန်းပင်ပေါက်များမှာ ယခင်နှစ်ကထက် ဈေးကောင်းရပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ထန်းမြစ်(သို့) ထန်းပင်ပေါက်များကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရှိရပါသည်။ ထန်းမြစ်ဈေးနှုန်းများမှာ အချောင်းအသေး ၂၅ ချောင်းတစ်စီးလျှင် ၁၅၀၀ ကျပ်၊ အချောင်းအကြီး ၂၅ ချောင်းတစ်စီးလျှင် ၃၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိိရပါသည်။ ထန်းမြစ်ဈေးများမှာ ယခင်နှစ်ကထက် ဈေးကောင်းရသလို အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)