ပြည်ခရိုင်၊ ပြည်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် ဆီးသီးများ းစတင်အရောင်းအဝယ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာဘက်မှဆီးသီးများ စတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း လှိုင်လှိုင်ထွက်ပေါ်လာခြင်းမရှိသေး၍ ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်တင်းအနည်းငယ်ကို ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပြီး ရန်ကုန်မြို့မှ ဆီးသီးမဆလာပြုလုပ်၍ ရောင်းချကြောင်း သိရှိရပါသည်။ ဆီးသီးဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဖြစ်ပြီး၊ တစ်တင်းလျှင် ၃၂၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ဆီးသီးအမျိုးမျိုးရှိရာ အများအားဖြင့် ဆီးချဉ်သီးများဖြစ်ကြပါသည်။ ဆီးသီးအမှည့်များကို တချို့ကခူး၍ရောင်းချကြသလို တချို့မှာဆီးသီးကိုအခြောက်ခံ၍ ဆီးယိုထိုး၍ လည်းကောင်း၊ အမှုန့် ပြုလုပ်၍ ဆီးပေါင်း၊ ဆီးပြားပြုလုပ်၍လည်းကောင်း၊ ဆီးသီးအခြောက်မှုန့်များကို ဆီးဖျော်ရည်ပြုလုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)