( Max) စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ (Max) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း  သိရပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)