မြန်မာနိုင်ငံရှိ ဆီထွက်သီးနှံများအနက် နှမ်းသည် စိုက်ဧကအများဆုံးဖြစ်ပြီး ဆီထွက်သီးနှံ စုစုပေါင်း စိုက်ဧက၏၅၁.၃သန်းနှုန်းရှိကြောင်း သိရှိရပြီး မိုးနှမ်း၊ ဆောင်းနှမ်း၊ မိုးကြို ရေသွင်းနှမ်း ဟူ၍ ခွဲခြားထားသည်။
ရွှေဘိုခရိုင်အနေဖြင့် နှမ်းနက်(မိုး)သီးနှံကို နှစ်စဉ် ဧက (၄)သောင်းကျော် စိုက်ပျိုးပြီး ၂၀၂၂-၂၀၂၃ခုနှစ်တွင် နှမ်းနက်(မိုး)ကို (၄၆၆၄၁)ဧက စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် (၉)တင်းနှုန်းဖြင့် (၄၁၉၇၆၉)တင်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။
ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်း ကုန်စည်ဒိုင်သို့ နိုဝင်ဘာလ တတိယပတ်အတွင်း ခရိုင်တွင်းမှ နှမ်းနက် (မိုး)များစတင် ဝင်ရောက်ခဲ့ပြီး သုံးတင်းဝင်အိတ် တစ်အိတ်လျှင် (၂၃၀၀၀၀ကျပ်မှ ၂၅၅၀၀၀ကျပ် ထိ)ပေါက်ဈေးရှိ၍ တစ်နေ့လျှင် (၁၅၀၀) တင်းခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲ၊နှမ်း ကုန်စည်ဒိုင်၏ အတွင်းရေးမှူးထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)