မြို့သစ်မြို့နယ်အတွင်း ဆီထွက်သီးနှံ(မိုး)နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း စိုက်ထားသော  ဆီထွက်သီးနှံ(မိုး) နေကြာ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရပါသည်။

            မြို့သစ်မြို့နယ်တွင် ဆီထွက်သီးနှံ(မိုး)နေကြာနှင့် (ဆောင်း)နေကြာ စုစုပေါင်း (၄၀၆၂)ဧက စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိပြီး မြို့နယ်အတွင်း ယခုနှစ်ဆီထွက်သီးနှံ (မိုး)နေကြာကို သီးသန့်/ သီးညှပ်(၄၀၁၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး (ဆောင်း) နေကြာသီးနှံကို (၄၈)ဧကကျော် စိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

          မြို့သစ်မြို့နယ်အတွင်း သီးနှံများ စိုက်ပျိုးရာတွင် တစ်နှစ်ကိုသီးနှံသုံးသီးစိုက်ပျိုးနိုင်အောင် ကြိုးစားဆောင်ရွက်ရန်၊ စိုက်ပျိုးသောသီးနှံများအားလုံး အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေးနှင့် သီးနှံအရည်အသွေး ကောင်းမွန်စေရေးတို့အတွက် မျိုးကောင်းမျိုးသန့်များကို စနစ်တကျ ရွေးချယ်သုံးစွဲ ပြီး  စိုက်ပျိုးကြစေလိုကြောင်း သီးနှံစိုက်ပျိုးရာတွင် ဒေသတွင်း လိုအပ်သော မျိုးကောင်း မျိုးသန့်များကို  တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး  လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး  အတွက်  တက်နိုင်သည့်ဘက်မှ အစဉ်အမြဲပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)