မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ယခုနှစ်မိုးမြေပဲ စိုက်ပျိုးရန် လျာထားမှုဧကမှာ (၁၈၀၀၀)ဧကရှိပြီး၊ အမှန်စိုက်ပျိုးနိုင်မှုမှာ (၁၈၇၇၀)ဧကဖြစ်၍ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ တစ်ဧက အထွက်နှုန်းအနေဖြင့် (၄၁.၅၂) တင်းနှုန်းဖြင့်တင်းပေါင်း (၇၇၉၃၃၀) တင်း ထွက်ရှိခဲ့ပါကြောင်း သိရှိရပါသည်။ ယခင်နှစ်မိုးမြေပဲပေါ်ချိန်တွင် အခြောက်အတောင့် တစ်ပိဿာ လျှင် (၁၇၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ ဆီဆံတစ်ပိဿာ(၂၆၀၀)ကျပ်နှင့် ပဲဆီတစ်ပိဿာ ၇၅၀၀ ၊ ၈၀၀၀ ကျပ်များရှိခဲ့ပြီး၊ ယခုနှစ်မြေပဲပေါ်ချိန်တွင် အတောင့်တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့် ဆီဆံတစ်ပိဿာ (၆၅၀၀)ကျပ်များရှိပြီး၊ မြေပဲဆီတစ်ပိဿာ (၁၂၅၀၀၊ ၁၃၀၀၀) ကျပ်များအထိဈေးပေါက်ခဲ့ကြောင်း၊ လက်ရှိပေါက်ဈေးအနေဖြင့် မြေပဲလုံးဆံတစ်ပိဿာ (၅၅၀၀) ကျပ်၊ ဆီဆံတစ်ပိဿာ (၄၉၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာ (၁၁၅၀၀၊ ၁၂၀၀၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)