ကလေးမြို့ပေါ်ရှိ ရွှေလွင်ပြင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ( ၁၇.၁၂.၂၀၂၅ ) ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ ရွှေလွင်ပြင်ကားအသင်းအား သွားရောက်၍ ဒေါ်စန္ဒာမွန် ( မြို့နယ်တာဝန်ခံ ) နှင့် ဝန်ထမ်း ( ၂ ) ဦးသည် ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်သည့် ကားအသင်းများအနေဖြင့် စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ခြင်း၊ ဆောင်ရွက်မည်ဆိုပါက ဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြုနေသည့် စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ ကုန်ပစ္စည်းများ တင်ပို့ရာတွင် စိတ်ကျေနပ်မှုရှိလာမည်ဖြစ်ပြီး ခရီးသွားပြည်သူများအနေဖြင့်လည်း ယာဉ်မတော်တဆ ဖြစ်ပွားမှုများမှ ကင်းဝေးလာမည်ဖြစ်ပြီး  အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုများ အပြည့်အဝရရှိလာမည်ကို ရည်မျှော်၍ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)