ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို ဒေသတွင်း စားသုံးလျက်ရှိပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိပါသည်။ ဈေးကွက်လိုအပ်ချက်အရ စားအုန်းဆီကို အခြားမြို့များမှ တင်သွင်းရောင်းချနေရကြောင်း၊ စားအုန်းဆီကို စားသုံးမှုအပြင် ပြည်နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အသေးစားစီးပွားရေးလုပ်ငန်းရှင်များကလည်း အိမ်တွင်းမှုအကြော်နှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဈေးကွက်၌ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၇၃၀၀) ကျပ်နှင့် လက်ကားဈေးတစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အောက်တိုဘာလတွင် စားအုန်းဆီလက်လီဈေးနှုန်းတစ်ပိဿာလျှင် (၉၀၀၀) ကျပ်နှင့် လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၈၅၀၀) ကျပ်ဈေးရှိခဲ့၍ ယခုနိုဝင်ဘာလနှင့် ယခင်အောက်တိုဘာလနှိုင်းယှဉ်လျှင် စားအုန်းဆီလက်လီဈေးနှုန်းတစ်ပိဿာလျှင် (၁၇၀၀) ကျပ်နှင့် လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်ကျဆင်းလာကြောင်း သီရိမင်္ဂလာဈေးရှိ စားသုံးဆီရောင်းချသူတစ်ဦးထံမှ သိရပါတယ်။
DOCA(ကယား)