လွိုင်ကော်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းရှိ အခြေခံကုန်ဈေးနှုန်းများ၏ နေ့စဉ်ဈေးနှုန်းများအရ (၁၇-၁၁-၂၀၂၂) ရက်နေ့မှ (၂၄-၁၁-၂၀၂၂) ရက်နေ့အထိ ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာလျှင်(၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၅၂၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၁၁၀၀)ကျပ်၊ နနွင်း တစ်ပိဿာလျှင် (၄၃၀၀)ကျပ်၊ ငရုတ်သီး (ခြောက်) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၂၃၀၀)ကျပ် တို့ရှိပါကြောင်း၊ ယခင်အပတ်နှင့် နှိုင်းယှဉ် ကြည့်လျှင် ဂျင်း တစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာပြီး ကျန်ကုန်ဈေးနှုန်းများ ဈေးနှုန်း တည်ငြိမ်လျှက်ရှိပါကြောင်း သိရှိရပါတယ်။
DOCA(ကယား)