ဈေးကွက်အတွင်းသို့ဝင်ရောက်လာသော ခြောက်လ မာလကာသီး

Powered by Drupal

     ကယားပြည်နယ် သစ်သီးဝလံဈေးကွက်တွင် အရောင်းသွက်လာသော ခြောက်လမာလကာသီးကို လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင်လည်းကောင်း ၊ပျံကျဈေးတို့တွင်လည်းကောင်း များစွာ ရောင်းချလျှက်ရှိပါသည်။ ခြောက်လမာလကာသီးကို ကယားပြည်နယ် ရေနီကန်နှင့် လောပီတ တို့တွင် အများဆုံးစိုက်ပျိုးလျှက်ရှိပါသည်။ ယခုနိုဝင်ဘာလအတွင်း၌ ဈေးကွက်အတွင်းဖြစ်ပေါ် နေသော ခြောက်လမာလကာသီး ဈေးနှုန်းမှာ အလုံးကြီးတစ်လုံးလျှင် (၅၀၀) ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၃၅၀)ကျပ် ရှိပြီး ၁၀၀၀ဖိုး (၃)လုံး ဖြင့်ရောင်းချကြကြောင်း သိရပါသည်။

DOCA(ကယား)