ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ စပါးဝယ်ယူမှုအခြေအနေ

Powered by Drupal

    မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

     စပါးများကို ဝယ်ယူသော ကုမ္ပဏီများမှ ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၂၃၀၇) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀နှုန်း ၁၄၅၀၀၀၀/-ကျပ် ဖြင့်၊ ၎င်းစပါးများကို မအူပင်မြို့နယ် ရွှေတောင်မှော်ဘက်မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ကရင်မ စပါးကို (၅၀)ပေါင် (၁၃၀၂) တင်း တင်း(၁၀၀)နှုန်းဈေး ၁၄၇၀၀၀၀/-ကျပ်ဖြင့် မအူပင်မြို့နယ် ရွှေတောင်မှော်ကျေးရွာ ဘက်မှ ဝယ်ယူခဲ့ကြောင်း သိရသည်။

    ၄-၁-၂၀၂၆ ရက်နေ့က ရွှေဝါနဒီ ကုမ္ပဏီမှ အသွယ်စပါးကို (၅၀)ပေါင် (၁၄၅၉) တင်း တင်း(၁၀၀) ဈေးနှုန်း ၁၄၆၀၀၀၀/-ကျပ်ဖြင့် ထန်းတပင်ဘက်မှ ဝယ်ယူကြောင်း၊ ဆင်းသုခ စပါး (၉၀၇) တင်းကို (၅၀)ပေါင် တင်း(၁၀၀)ဈေး ၁၄၂၅၀၀၀/- ကျပ်ဖြင့်လည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၃၅၅၈) တင်း တင်း (၁၀၀)ဈေး ၁၄၇၀၀၀၀/- ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှလည်းကောင်း ၊ GoodBrother ကုမ္ပဏီမှ (၅၀)ပေါင် ဆင်းသုခ စပါး (၂၁၀၀) တင်း၊ တင်း(၁၀၀) ဈေး ၁၄၅၀၀၀၀/- ကျပ်ဖြင့် ကျောင်းကုန်ဘက်မှ စပါးအခြောက်များကို ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

     ၅-၁-၂၀၂၆ ရက်နေ့က ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၉၁၉) တင်း၊ (၅၀)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်း ၁၄၆၀၀၀၀/-ဖြင့်၊ မအူပင်မြို့နယ် မလတ်တိုဘက်မှာလည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၁၀၀၆) တင်း တင်း ၁၀၀ ဈေး ၁၄၅၀၀၀၀/-ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှဝယ်ယူကြောင်း၊ The Perpetual ကုမ္ပဏီမှ ဆင်းသုခစပါး(၅၀)ပေါင် (၁၄၅၁) တင်း၊ တင်း၁၀၀ဈေးနှုန်း ၁၄၅၅၀၀၀/-ကျပ်ဖြင့် ညောင်တုန်းမြို့နယ်မှ ဝယ်ယူခဲ့ကြောင်း ၊ ၆-၁-၂၀၂၆ ရက်နေ့ စပါးအဝယ်အနေဖြင့် ရွှေဝါနဒီကုမ္ပဏီမှ ဆင်းသုခ (၁၆၉၁) တင်း၊ (၅၀)ပေါင် စပါးတင်း ၁၀၀ဈေးနှုန်း ၁၄၆၅၀၀၀/-ဖြင့်၊ မအူပင်မြို့နယ် မလတ်တိုဘက်မှာလည်းကောင်း၊ ကရင်မ စပါး (၅၀)ပေါင် (၁၀၆၈) တင်း၊ တင်း (၁၀၀) ဈေး ၁၄၆၅၀၀၀/- ကျပ်ဖြင့် မအူပင်ရွှေတောင်မှော် ကျေးရွာဘက်မှဝယ်ယူကြောင်း၊ ကုမ္ပဏီတာဝန်ရှိသူများ ပြောပြချက်အရ သိရှိရပြီး မြို့နယ်တာဝန်ရှိသူများမှ စပါးဝယ်ယူနေမှုများကို နေ့စဉ်စာရင်းပြုစု ပေးပို့နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)