ချောင်းဆုံ အ.ထ.က ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ ၂၂.၁၁.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံ အ.ထ.က  ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသောမြန်မာလက်လုပ်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများ စသည့်အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သောစားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်အမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များနှင့် ဘေးအန္တရာယ်ကင်းသောစားသောက်ကုန်များသာ ရောင်းချရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)