ချောင်းဆုံမြို့နယ်၊ မူလွန်-မြို့မကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၂၂.၁၁.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ မူလွန်-မြို့မကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်၊ မူလွန်-မြို့မကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ပြုံးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ထက်ထက်နွေးဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို အဓိကထားဖတ်ရှုသင့်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတင်းအချက် အလက်များကို သေချာစွာစုံစမ်းရန်နှင့် ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူ ထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)