မုံရွာမြို့၊ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

Powered by Drupal

                   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိပြီး မိမိပိုင် ယာခင်းများနှင့် ခြံစည်းရိုးများတွင် ရာသီပေါ် ခြံထွက်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန် အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။

                    ဇန်နဝါရီလ ဒုတိယပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၇၀၀/၁၆၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၃၀၀/၄၅၀၀) ကျပ်၊  ဂွေးချိုသီး (၁၄)လုံးပါ တစ်ထုပ်လျှင် (၈၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)