
ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများကို ရောင်းချလျက်ရှိရာ ရာသီစာ ပန်းမုံလာနှင့် ဂေါ်ဖီထုပ်များကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ပန်းမုံလာနှင့် ဂေါ်ဖီထုပ်များကို အခြားမြို့များမှ သယ်ယူ ရောင်းချသည့်အပြင် ရွှေဘိုမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှလည်း စိုက်ပျိုးကြပြီး ရွှေဘိုမြို့ပေါ် သို့ လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းမုံလာနှင့်ဂေါ်ဖီထုပ်နှင့် ပေါ်များလာပြီဖြစ်၍ ဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်း လျက်ရှိကြောင်း သိရသည်၊
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပန်းမုံလာဈေးနှုန်းမှာ အရွယ်အစား အကြီး အသေး ပေါ် မူတည်၍ ပန်းမုံလာ(၁)ပွင့်လျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်၊ ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
