ချောင်းဆုံမြို့နယ်တွင် အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသောကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

     ၁၂.၁.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော ကုန်စုံဆိုင်များသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ တရားမဝင် ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသော အရန်သင့်အစားအစာအများစုမှာ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ တရားမဝင်ကုန်စည်များရောင်းချနေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိ ရပြီး  အရန်သင့်အစားအစာအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် စားသောက်ကုန် ပစ္စည်းများကိုသာ တင်သွင်းရောင်းချကြရန်၊ တရားမဝင်ကုန်စည်များ ရောင်းချခြင်း မပြုကြရန်နှင့် တရားမဝင်ကုန်စည်များရောင်းချခြင်း၏ ဆိုးကျိုးများအား အသိပညာပေးပြီး ဈေးကွက်စောင့် ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)