ရွှေဘိုဈေးကွက်တွင် ပဲကြားနှင့် ပဲနီလေးဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

ပဲကြား

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊  ပထမအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၀၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၆၀၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ ပဲကြားအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်းမရှိသေးဘဲ လက်ကျန်အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့် သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်းပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ပဲနီလေး

               ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်း မှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး(၁)ပြည် လျှင်(၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ ပဲနီလေးအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးဘဲ လက်ကျန် အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)