
ပဲပုတ်စေ့
ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ ပဲပုတ်စေ့အသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးဘဲ လက်ကျန် အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့်အသေးဟူ၍ နှစ်မျိုးရှိကြောင်း၊ ဈေးကွက် အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချ သည့်ဆိုင်များမှသတင်းရရှိပါသည်။
မတ်ပဲခြမ်း
ရွှေဘိုမြို့ဈေးကွက်အတွင်း ဇန်နဝါရီလ၊ ပထမအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၅၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၆၆၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ လက်ရှိအချိန်ထိ မတ်ပဲခြမ်းအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်ခြင်း မရှိသေးဘဲ လက်ကျန် အဟောင်းများသာရောင်းချသဖြင့် ဝယ်ယူသူများမှ လိုအပ်သလောက်သာ ဝယ်ယူခြင်းကြောင့် အရောင်းအဝယ်မှာလည်းအေးပြီး ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
