မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ သိန်းတရာ ဆန်စက်သို့ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၄.၁.၂၀၂၆)ရက် နေ့လယ် (၁၃:၀၀)နာရီတွင် အိမ်မဲမြို့တကောကျေးရွာသိန်းတရာဆန်စက်သို့ သွားရောက်၍  ဆန်/ စပါး၊ ဈေးကွက်အခြေအနေ စီးဝင်/စီးထွက်အခြေအနေများအား ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ ပါသည်။

       ထိုသို့ ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော ဆန်စပါးဈေးကွက်၊ဈေးနှုန်း အခြေအနေ၊ စီးဝင်/ စီးထွက်အခြေအနေ များမေးမြန်းစုံစမ်းခဲ့ပါသည်။ ထို့နောက်ဆန်စက်လည်ပတ်မှု အခြေအနေနှင့် မီးဘေးလုံခြုံရေးစနစ်တကျထားရှိမှုများ၊ဆန်/စပါးများသိုလှောင်ထားရှိမှုစနစ်တကျရှိစေရေး၊နွေစပါးများ ထွက်ရှိစ ပြုလာပြီဖြစ်ပြီး တောင်သူများထံမှစပါးများဝယ်ယူရာတွင် လည်းဈေးနှုန်း၊အလေးတင်း၊တောင်း၊ အချိန်အတွယ် မှန်ကန်စွာ ဝယ်ယူနိုင်ရေး မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ကြရန်  MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက် စေရန်အတွက် စက်ပိုင်၊ ကုန်သည်၊ တောင်သူတို့နှင့်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးတိုက် တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)