စားအုန်းဆီ လက်လီရောင်းချနေသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက် နှင့် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းတို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့  နံနက် (၁၀:၀၀) အချိန်တွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးတွင်  စားအုန်းဆီ လက်လီအရောင်းဆိုင် ပိုင်ရှင် (၂၅)ဦး တို့အား စားအုန်းဆီ များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချစေရေး တွေ့ဆုံ ဆွေးနွေးပြောကြားခဲ့ပါသည်။     

          တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ ပြောကြား ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်း စားအုန်းဆီ လက်လီ စအရောင်းဆိုင်များမှ စားသုံးသူပြည်သူများ အား စားအုန်းဆီများကို စျေးနှုန်း သက်သာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် စျေးနှုန်းများသတ်မှတ်ရည်ညွှန်းစျေး ထက်ပိုမို မရောင်းချ စေရေး၊ စျေးနှုန်းမြှင့်တင် ရောင်းချခြင်းများမပြုလုပ်စေရေး၊ အလေးချိန်ပြည့်မီစွာ ရောင်းချစေ ရေး၊ ရရှိသည့်ဆီခွဲတမ်းများကို တိတိ ကျကျ မှန်မှန်ကန်ကန်ရောင်းချစေရေး၊ စျေးနှုန်းမြှင့် တင် ရောင်းချခြင်း၊ မသမာသောနည်းလမ်းများဖြင့် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းအား ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးရာ တွင် တွေ့ရှိပါက အရေးယူဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း  စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ ပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)