ကန့်ဘလူမြို့တွင် ရောင်းချနေသည့် အုန်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

             အုန်းပင်သည် နှစ်ရှည်သီးပင်ဖြစ်ပြီး ဒေသမရွေးတွင် စိုက်ပျိုးရလွယ်ကူသော အပင်တစ်မျိုး ဖြစ်ပါသည်။ ကန့်ဘလူခရိုင်အတွင်း၌ ယခင်ကပင် မိမိတို့၏ နေအိမ်ခြံစည်းရိုးများတွင် အမှတ်အသားတစ်ခုအနေဖြင့်လည်းကောင်း၊ အုန်းသီး၊ အုန်းလက်တို့ကိုအသုံးပြုရန်အတွက်လည်းကောင်း ရည်ရွယ်စိုက်ပျိုးကြပါသည်။အုန်းသီးသည် မြန်မာလူမျိုးတို့၏ဘာသာရေးဆိုင်ရာပွဲများ၊အလှူပွဲမင်္ဂလာဆောင်နှင့်နတ်ပွဲများတွင်မပါမဖြစ် အသုံးပြုရသည့် အသီးတစ်မျိုးဖြစ်သည်။

           ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ဒုတိယပတ်အတွင်း အုန်းသီးများကို ကန့်ဘလူမြို့မဈေးတွင်အုန်းသီးအစိမ်းနှင့် အုန်းသီးအခြောက်ဟူ၍(၂)မျိုးရောင်းချလျက်ရှိကြောင်း၊ အုန်းသီးများသည် ကန့်ဘလူ မြို့နယ်အနှံ့အပြားမှ ဝင်ရောက်မှုရှိပြီး ဈေးနှုန်းများမှာ အုန်းသီးစိမ်း(၁)လုံးလျှင် (၂၀၀၀မှ၃၀၀၀) ကျပ်အထိရှိပြီး အုန်းသီးအခြောက်(၁)လုံးလျှင် (၂၅၀၀မှ ၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးအတွင်းရှိဈေးသည်တစ်ဦး၏ပြောပြချက်အရ အုန်းသီးအခြောက်များကို ကန့်ဘလူ မြို့ပေါ်ရှိ ရိုးရာမြန်မာမုန့်လုပ်သူများ၊ အုန်းနို့ခေါက်ဆွဲဆိုင်များမှ ဝယ်ယူကြကြောင်း၊ အုန်းသီးအစိမ်းများကို သာသနာပွဲထိုးသူများမှဝယ်ယူကြကြောင်း၊အုန်းသီးအသုံးပြုမှုများပြားကာဝင်ရောက်သမျှအရောင်းသွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)