အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Nan Ya Wai (နန်းရဝေ) နိဗ္ဗာန်ကုန်ပစ္စည်းလုပ်ငန်းအား မြေပြင်စစ်ဆေး

Powered by Drupal

                       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွှေဘို-မုံရွာကားလမ်းဘေး၊ ရွာထောင်ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် Nan Ya Wai (နန်းရဝေ) နိဗ္ဗာန်ကုန်ပစ္စည်းလုပ်ငန်းသို့ ကွင်းဆင်း၍ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားခြင်းအတွက် မြေပြင်စစ်ဆေးခဲ့ပါသည်။

                ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က တင်ပြထားသည့်  အချက်အလက်များနှင့် မြေပြင် အချက်အလက်များ ကိုက်ညီမှု့ ရှိ၊ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Nan Ya Wai (နန်းရဝေ)အွန်လိုင်း လုပ်ငန်းရှင်အား ၅၀/၂၀၂၃ နှင့် ၅၁/၂၀၂၃ အမိန်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)