
ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ရွှေဘိုပေါ်ဆန်း မိုးစပါး (၃၁၃,၄၅၇)ဧကနှင့် အခြားမိုးစပါး(၃၃၀,၃၇၉)ဧက စုစုပေါင်း (၆၄၃,၈၃၆)ဧက စိုက်ပျိုးပြီး ရာသီကုန် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၈၀တင်းနှုန်းထွက်ရှိသဖြင့် စုစုပေါင်း ၅၁,၅၀၆,၈၈၀ တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရှိရသည်။
ရွှေဘိုခရိုင်အတွင်း ၂၀၂၅-၂၀၂၆ မိုးစပါးများကို ၂၀၂၅ခုနှစ် ဒီဇင်ဘာလ (ဒုတိယပတ်)မှ စတင်ရိတ်သိမ်းပြီး ပေါ်ချိန် စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀လျှင် ၃,၇၀၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၅၀,၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၂,၀၀၀,၀၀၀ကျပ်၊ ဧရာမင်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ် ရှိပြီး ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ၃,၉၀၀,၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန်(၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၄၀,၀၀၀)ကျပ်၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ၂,၀၀၀,၀၀၀ကျပ်၊ ဧရာမင်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၀၀,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)
