သထုံမြို့နယ်၊ မြို့မဈေးအတွင်း ‌ရောင်းချလျက်ရှိသော အစားအသောက်၊ ‌ဆေးဝါးနှင့် အလှကုန်ပစ္စည်းရောင်းချနေသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်ခြင်း

Powered by Drupal

     ၁၄.၁.၂၀၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်သထုံခရိုင်၊ သထုံ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌‌ရေးဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်များအား စျေးကွက်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းအတက်အကျနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ၊ စံမမှီဆေးများ ‌ရောင်းချမှု ရှိ/မရှိ ၊ သက်တမ်းကျော်လွန်သော ဆေးများ၊ ဆေးပစ္စည်း အတုများ ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်း၊ ဆေးဝါးများတွင် FDA ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိ တို့အား စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများတွင် FDA ထောက်ခံချက်ပါ ရှိ/မရှိ၊ ပစ္စည်းအတုများ ရောင်းချခြင်း ရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး၊ စံချိန်စံညွှန်းနှင့်ကိုက်ညီ၍အရည်အသွေးပြည့်ဝသော ဆေးပစ္စည်းများ၊ အစားသောက် များနှင့် အလှကုန်ပစ္စည်းများကိုသာ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)