![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၅၁.jpg?itok=cw1hkS4r)
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ်တွင်မူ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀ မှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀ မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၈၀၀၊ 929 တစ်တင်းလျှင် ကျပ် ၃၈၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀၊ ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၃၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀ မှ ၃၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀ မှ ၁၂၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်ထောင်ငါးရာ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၈၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀ မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူတစ်ပိဿာလျှင် ကျပ် ၂၉၂၅ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် တစ်ပိာလျှင် ကျပ် ၅၄၅၀ ဖြင့် တစ်ပိဿာလျှင် ကျပ်သုံးထောင်ခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅၀ မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် နှမ်းနက်တစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၅၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၈၇၅၀၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၄၂၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်တွင် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်မှ သုံးသောင်းခွဲကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၈၀ မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)