ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာရှိ လက်ပြမူလတန်းကျောင်းနှင့် ချောင်းဆုံမြို့နယ်၊ (အ.မ.က) အပြိုင်ကျောင်းတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

        မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ပြကျေးရွာရှိ မူလတန်းကျောင်း(လက်ပြ)နှင့် ချောင်းဆုံမြို့နယ်၊ (အ.မ.က) အပြိုင် ကျောင်းတွင် ၁၉.၁.၂၀၂၆ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်းပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်တာဝန်ခံမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းအား လည်းကောင်း၊ ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခြင်း၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လက်ပြကျေးရွာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာအောင်နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၉) ဦးနှင့် ချောင်းဆုံမြို့နယ်၊ (အ.မ.က) အပြိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းခိုင်နှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)