
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြားမြို့များမှယူ၍လည်ကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။
ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက် အချိန်ကုန်သက်သာ စေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင်(၄၀၀၀၀) ကျပ် ၊(၅၀) ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
