ငါန်းဇွန်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းဆိုင်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

   ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင် (၁၀) ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၄၅၀)ကျပ်၊ 95 Octance(၂၅၈၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၃၅၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၂၇၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

     စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၆-၁-၂၀၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance (၂၄၀၅)ကျပ်၊ 95 Octance(၂၄၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၂၈၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၂၆၂၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများ သည် ယခင်အပတ် ထက် တစ်လီတာလျှင် 92 Octance တွင် (၃၅)ကျပ်၊ 95 Octance တွင်(၄၅)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင် (၃၅) ကျပ်တို့ အသီးသီးဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်တွင်(၃၀)ကျပ်ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)