AI ဉာဏ်ရည်တုဆိုင်ရာလက်တွေ့အသုံးချနည်း သင်တန်းဖွင့်လှစ်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ခရိုင်ရုံး များမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် နည်းပညာခေတ်တွင် ခေတ်နှင့်တစ်ပြေးညီလိုက်ပါနိုင် စေရန်ရည်ရွယ်၍ ဉာဏ်ရည်တုဆိုင်ရာ လက်တွေ့အသုံးချမှုသင်တန်းအား ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။သင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ in person  တက်ရောက်သူ ၂၅ ဦးနှင့်  ခရိုင်များမှ virtual တက်ရောက်သူ ၂၅ ဦး စုစုပေါင်း ၅၀ ဦးတက်ရောက်ခဲ့ကြပါသည်။ သင်တန်း နည်းပြအဖြစ်  မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌမှ သင်ကြားခဲ့ပြီး AI ဉာဏ်ရည်တုနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအပြင်၊ ဉာဏ်ရည်တုအသုံးပြုနိုင်သည့် websiteများ၊ applicationများအား ရှင်းလင်းပြသခဲ့ပြီး ဉာဏ်ရည်တုအသုံးပြု ၍ ဓာတ်ပုံ၊ ဗီဒီယိုများဖန်တီးခြင်း၊ powerpoint များဖန်တီးခြင်း၊သီချင်းများဖန်တီးခြင်း စသည်တို့ကို စာတွေ့ ၊ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)