
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဌတို့ပူးပေါင်း၍ တောင်ငူမြို့ပေါ်ရပ်ကွက်များတွင် ၂၀.၁.၂၀၂၆ ရက်နေ့နံနက်ပိုင်းက စားအုန်းဆီရောင်းချနေမှုများအား သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကေတုမတီမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းလတ်နှင့်အဖွဲ့ သည် ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရောင်းချရာတွင် သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိ မြို့ပေါ်ရပ်ကွက်များရှိလက်လီ/လက်ကား ကိုယ်စားလှယ်အရောင်းဆိုင်များသို့ လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တောင်ငူခရိုင်တွင် ရပ်ကွက်ကျေးရွာ ၂၀၄ အုပ်စု၊ အိမ်ထောင်စုဝင်ဦးရေ (၁၇၆၆၆၁)ဦးအား လစဉ်စားအုန်းဆီ (၃၂၂၈) ပေပါကို လက်ကားကိုယ်စားလှယ် (၆)ဦး၊ လက်လီဆိုင်ခွဲပေါင်း (၁၂၁) ဆိုင်တို့ဖြင့် ပြည်သူများထံသို့ ဖြန့်ဖြူးပေးလျက်ရှိပြိး တောင်ငူမြို့နယ်အနေဖြင့် တစ်ရက်လျှင် (၃၉.၄)ပေပါနှုန်း၊ တစ်လလျှင် (၉၈၅)ပေပါခွဲတမ်းရရှိကာ ရပ်ကွက်ကျေးရွာ (၅၁)ခုတွင် အိမ်ထောင်စုဝင်လူဦးရေ (၄၄၇၄၈)ဦးအား အိမ်ထောင်စုတစ်စုလျှင် လစဉ်ဆီ(၁၅)ပိဿာကို သတ်မှတ်ရည်ညွန်းဈေးအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
DOCA(ပဲခူး)
