ညောင်လေးပင်မြို့နယ်ရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေး ပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင် ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေးဦးနေမျိုးဝင်းတို့သည် ညောင်လေး ပင်မြို့နယ်၊ စံဖဲကျေးရွာရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။

          ခရိုင်ဦးစီးမှူးသည် အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းရှင် ဦးမင်းဇော် ဦးအား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမင်းဇော်ဦးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရ သော အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးမှူးက မှတ်တမ်းတင်ထားကာ တတ်နိုင်သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်း အတွက် လိုအပ်သော စားသုံးဆီများလိုအပ်ချက်နှင့် ပတ်သက်၍ ဆွေးနွေးကြပြီး ရရှိလာသော စက်မှုလုပ်ငန်းသုံးဆီများကို မိမိလုပ်ငန်းအတွက်သာ သုံးစွဲရန်နှင့် ဈေးကွက်အတွင်း ဈေးတင် ရောင်းချခြင်း မပြုလုပ်ရန်၊  လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေး မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)