
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒေါ်မြင့်မြင့်အေး (ဦးစီးမှူး)သည် ၂1-၁-၂၀၂6 ရက်နေ့၊ နံနက် (၁၀:3၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ “စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချရာတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း” (Talk Show) ဆွေးနွေးပြောကြားခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူကာကွယ်ရေးအတွက် အဓိကကျသော စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အဓိပ္ပါယ်သတ်မှတ်ချက် စားသုံးသူနှင့် စီးပွားရေး လုပ်ငန်းရှင်တို့အကြား ကော်မတီနှင့်ကော်မရှင် အဆင့်ဆင့်တို့မှ ချမှတ်ပေးသော မျှတမှုရှိသော လုပ်ငန်းစဉ်အကြောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျှင် သိရှိလိုက် နာရမည့် ကုန်အညွှန်းအမှတ်အသားအတွက် ဦးစီးဌာနမှ ပြဌာန်းထားသည့် အခန်း(၁၈)၊ ပုဒ်မ (၄၁)၊ ဥပဒေများအကြောင်းနှင့် (Talk Show) ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။
DOCA (ပြည်ထောင်စုနယ်မြေ)
