‌လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊မော်တော်ယာဉ်အရောင်းစင်တာမြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင်သည့်အဖွဲ့အနေဖြင့်  လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်းနှင့် ၂ဘီး/ ၃ ဘီး မော်တော် ဆိုင်ကယ်အရောင်းပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်နေရာများသို့ သွားရောက်၍ ပြခန်းအတွက် အနိမ့်ဆုံး  သတ်မှတ်ထားသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ  ကွင်းဆင်းစစ်ဆေးခြင်းနှင့် တင်ပြခြင်းလုပ်ငန်း များဆောင်ရွက်လျှက်ရှိပါသည်။  ၂၀.၁.၂၀၂၆ ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန် တွင်  Aung Gabar Motor Services Co.,Ltd.(BAIC Brand)၏လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်း ပြခန်းဖွင့်လှစ်ခွင့်တင်ပြထားသည့်မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ် ကွက်နေရာနှင့်ပြောင်းရွှေ့ဖွင့်လှစ်ခွင့်တင်ပြထားသည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စျ)ရပ်ကွက်ရှိ သိုလှောင်ရုံနေရာများသို့  သွားရောက်၍  မြေပြင်စစ်ဆေးရေးအဖွဲ့ဝင်(၇)ဦးပါဝင် သည့် ဌာနစုံပူးပေါင်းအဖွဲ့များဖြင့် ပြခန်းအတွက် သတ်မှတ်ထားသည့်အနိမ့် ဆုံးသတ်မှတ်ချက်များနှင့်အညီ  ဆောင်ရွက်ထားမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တင်ပြခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)